icon အတွက် အရင်မပြောခင် image type တွေ နည်းနည်းပြောဖို့ လိုပါတယ်။ အများဆုံးသုံးကြတဲ့ image type သုံးခုရှိပါတယ်။
1 . Gif - Graphic Interchange Format (.gif နဲ့ သိမ်းဆည်းပါတယ်)
2 . JPEG - Joint photographicExperts Group (.jpg နဲ့ သိမ်းဆည်းပါတယ်)
gif မှာ နှစ်မျိုးရှိပါတယ်။ gif animation နဲ့ gif ရိုးရိုးပေါ့ဗျာ။ animation ကတော့ လူတိုင်းသိပါတယ်။ ရိုးရိုး gif ကိုတော့ ပုံသေးသေးလေးတွေအတွက် အသုံးပြုပါတယ်။အခုလက်ရှိ သုံးနေကြတဲ့ 3D ပုံစံ Icon တွေအထိကို ဒါလေးနဲ့ အလွယ်တကူ ဖန်တီးယူနိုင်ပါတယ်။ နောက်ပြီး မိမိရဲ့ ချစ်သူပုံ
ကို icon လေးတွေ လုပ်ပြီး သုံးချင်ကြတဲ့ လူတွေအတွက်
အလွယ်တကူနဲ့ အဆင်ပြေပါတယ်။(အဲဒါထည့်ပြောမှ ဖတ်မယ့်သူတွေ ရှိတယ်ဗျ။
စော်ပုံလုပ်တာပဲ ဖတ်မယ်ဆိုတဲ့ သူငယ်ချင်းတွေ အတွက်ပါ :P )ဒေါင်းလိုက်ပါဦးဗျာ ......
run ပြီးတာနဲ့ program ပွင့်လာရင် ကီးတောင်းလိမ့်မယ်။ notepad လေးထဲပါတဲ့ ကီးကို ကူးထည့်ပေးလိုက်ပါ။
ပြီးရင်တော့ ဘယ် OS အတွက် icon လုပ်ချင်တယ်ဆိုတာကို ရွေးပေးလိုက်ရင်new projectတစ်ခုကိုအခုလို
တွေ့ပါလိမ့်မယ်။
tool တွေကလည်း photoshop အတိုင်းပါပဲ။ နောက်ပြီး Helpဆိုတဲ့ menu ရဲ့အောက်မှာလည်း သူ့အတွက်ကျူတိုရီရယ် စုံအောင် ပေးထားပါတယ်။ သူ့မှာပါပြီးသား ion တွေကို သုံးနိုင်၊ နမူနာယူနိုင်ပါတယ်။အခုပြောချင်တာက အသစ်တစ်ခုကို ကိုယ်တိုင်ဆွဲဖို့မဟုတ်ဘူးဗျ။
အဲဒါက နောက်မှ ရေးဖြစ်လိမ့်မယ်။ မရေးဖြစ်ချင်လည်း မရေးဖြစ်ဘူးပေါ့ဗျာ။ ဘာလို့လဲ ဆိုတော့photoshopလောက် ပြည့်စုံမှာ မဟုတ်လို့ပဲ။ photoshop နဲ့ စိတ်ကြိုက်ဆွဲယူမယ်ဗျာ ပြီးမှ ဒါနဲ့ icon ပြောင်းလိုက်မယ်။ အားလုံးက ဒီလိုပဲ လုပ်နေကြတာပါ။ ဒါက အဆင်ပြေဆုံးပါပဲ။ အခု ဓါတ်ပုံတစ်ပုံကို icon ဖြစ်အောင် ဒါနဲ့ ပြောင်းပြပါ့မယ်။Tool bar ကNewကိုနှိပ်လိုက်ပါတယ်။
အောက်ပါအတိုင်း pop up box ပေါ်လာပြီး အသုံးပြုမယ့် OS ကို ရွေးခိုင်းပါတယ်။ က်ေ
န်ာတို့က Windows ပဲ အသုံးများကြတာ ဆိုတော့ Windows နဲ့ပဲ နမူနာ ပြပါ့မယ်။
Next နှိပ်လိုက်ရင် အောက်ပါအတိုင်း မိမိလုပ်မယ့် icon အမျိုးအစား ရွေးခိုင်းပါတယ်။အခုတော့ ကျနော် ပြထားသလိုပဲ ရွေးလိုက်ပါ၊ နောက်မှ မိမိစိတ်ကြိုက်စမ်းကြည့်ပေါ့။ဘာတွေလဲဆိုတာ ဖတ်ကြည့်ရင်သိပါတယ်။Ok ပေးလိုက်ပါတယ်။
အပေါ်ဆုံးမှာ ပြခဲ့တဲ့အတိုင်း new project အလွတ်ကြီးတစ်ခု ပေါ်လာတာ တွေ့ပါလိမ့်မယ်။ File - Open
ကနေပြီး ဓါတ်ပုံ တစ်ပုံကို ထပ်ဖွင့်ပါတယ်။ ဓါတ်ပုံ ပွင့်လာတာနဲ့ လိုချင်တဲ့ အပိုင်းကို လေးထောင့်ကျကျလေး selectလုပ်ပေးပါ။ အောက်ပုံမှာ mouse pointer ပြထားတဲ့ နေရာကို နှိပ်ပေးလိုက်ပါ။ မိမိ selectလုပ်ထားတာကို Crop လုပ်ပေးပါလိမ့်မယ်။
ဖြတ်ပြီးပြီဆိုရင် Image ဆိုတဲ့ menu အောက်က resize image ကိုနှိပ်ပါတယ်။
ပေါ်လာတဲ့ pop up လေးမှာ ဆိုဒ်ကို ထည့်ပေးပါ။ မိမိ ရွေးထားတဲ့ icon project က 48 pixelဖြစ်တဲ့အတွက်ဓါတ်ပုံကိုလည်း 48 ထားပေးရမှာဖြစ်ပါတယ်။ တကယ်လို့ ပုံက လေးထောင့်တိတိကျကျမဟုတ်ပဲ ဖြစ်နေခဲ့ရင်တစ်ခုကိုပဲ 48 ယူပေးပေါ့။ နားလည်မှာပါ။
အရွယ်အစားပြောင်းပြီး သွားတဲ့ ပုံကို Right click လုပ်ပြီး copy ကိုနှိပ်ပါတယ်။ ပြီးရင် အခုပုံကို minimize (သို့) ပိတ်လိုက်ပါ။
ကျနော်တို့ ရွေးထားတဲ့ project အလွတ်ေ
ပ်ါလာပါ့မယ်။ သူ့ရဲ့အပေါ် Tool bar က paste ကို နှိပ်ပေးလိုက်ပါ။
အောက်ပါအတိုင်း pop up လေးနဲ့ ထပ်မေးပါတယ်။ အပေါ်က option က မိမိ copy ကူးထားတဲ့ image ကို ခုနက ရွေးချယ်ထားတဲ့ အရွယ် စကေး အတိုင်း paste ချဖို့ဖြစ်ပါတယ်။ အောက်က တစ်ခုက လက်ရှိ ရွေးချယ်ထားတဲ့ project နဲ့ ကွက်တိကျအောင် auto resize လုပ်ပြီး paste လုပ်တာဖြစ်ပါတယ်။ ဒုတိယ option က Height နဲ့ width အရွယ်မညီခဲ့ရင် စကေးပျတ်သွားမှာ ဖြစ်ပါတယ်။ (ဥပမာ- 48x46 ဖြစ်နေတယ်ဆိုရင် သူက 48x48 ဇွတ်ပြင်လိုက်တဲ့အတွက် image က ကြည့်မကောင်းတော့ပါဘူး) အဲဒီအတွက် အပေါ်က option ကိုပဲရွေးပြီး Ok ပေးလိုက်ပါတယ်။
အခြားသော Effect တွေ ထည့်ချင်သေးတယ်ဆိုရင်လည်း လုပ်လို့ရပါတယ်။
ဒီအတိုင်းပဲ လိုချင်တာဖြစ်လို့ File - Save as ကိုနှိပ်ပါတယ်။ နာမည်ပေးပြီး save ပေးလိုက်ပါတယ်။
windows မှာ my computer, Document, network နဲ့ recycle bin တို့ကို Desktop မှာ right click လုပ် properties နှိပ်ပြီး Display properties မှာ Icon ပြောင်းပေးလို့ရတာ လူတိုင်း သိကြပါလိမ့်မယ်။
icon ကို အခုလုပ်ပြလိုက်တာက ရိုးရိုးဓါတ်ပုံတစ်ခု jpeg type ကို ဖြစ်လို့ လေးထောင့်ပုံစံ ဖြစ်နေပါလိမ့်မယ်။ နောက်ခံပါမယ်ပေါ့ဗျာ။ မပါချင်ဘူးဆိုရင်တော့ photoshop နဲ့ နောက်ခံဖျောက်ပြီး png type နဲ့ save ထားလိုက်ပါ။ အဲဒါကို အပေါ်က နည်းအတိုင်း ပြန်ယူပြီးလုပ်ရုံပါပဲ။
အဆင်ပြေပါစေဗျာ....ကျနော်လည်း အရင်က ကိုသံလုံငယ်ဆီကနေ ကြည့်ထားတာလေးကို ပြန်လည်ဖော်ပြဖြင်းဖြစ်ပါတယ်...
0 comments:
Post a Comment
အဆင်မပြေတာရှိရင်ပြောခဲ့ပါ။ (ပြေလဲပြောလို့ ရပါတယ် :D )