Webpage တစ်ခုပေါ်မှာ ကိုယ်ကြိုက်သလိုမှတ်သားပီး တစ်ယောက်ယောက်ကိုပြန်လည်မျှဝေလို့ ရတဲ့ နည်းလမ်းလေးပါ။ တော်တော်လေးအဆင်ပြေပီးတော့အသုံးဝင်ပါတယ်(ကျနော်ဒီလုပ်ပုံလုပ်နည်းတွေကို
မြန်မာမိသားစုဖိုရမ်ကနေဖတ်ဖူးတာပါ)။ဥပမာဗျာကျနော့်သူငယ်ချင်းတစ်ယောက်ကFacebookမှာနာမည်
ချိန်းချင်တယ်။ဘယ်ကနေဘယ်လိုသွားရမှန်းလဲမသိဖူးလုပ်လဲမလုပ်တတ်ဖူးဆိုပါတော့(သဘောပြောပါတယ်
:D).အဲ့လိုဆိုအမြန်ဆန်ဆုံးရှင်းပြဖို့ အတွက်ဘယ်လိုလုပ်မလဲ.ဒီနေရာမှာကျနော်လုပ်ထားတာလေကြည့်
ကြည့်ပါ။ အဲ့လိုကိုယ်ပြောချင်တဲ့အကြောင်းရာကို ကိုယ်ကြိုက်သလိုမှတ်သားပီး ပြန်လည်မျှဝေဖို့ အတွက် Web app တစ်ခုရှိပါတယ်။ စိတ်ပါဝင်စားတယ်ဆိုရင် ပထမဦးဆုံး http://markup.io/ ဆီသွားပြီး markup.io button ကို browser ရဲ့ bookmarks toolbar နေရာမှာ Drag and Dropဆွဲချထားလိုက်ပါ၊ နောက်ကိုယ်ရှင်းပြချင်တဲ့ site တစ်ခုကိုရောက်ရင် toolbar ပေါ်မှာရှိတဲ့ markup.io button ကို နှိပ်ပီးစတင်လုပ်ဆောင်နိုင်ပါပီ ။အားလုံးပြီးသွားရင် Publish ပေးပြီး ရလာတဲ့ Link ကို ကိုယ် ပြောချင်သူဆီ ပေးပို့လိုက်ယုံပါပဲ။ ကျနော်အောက်မှာ video ဖိုင်လေးနဲ့ ရှင်းထားပါတယ် ။ တစ်ခုခုအဆင်မပြေရင် comment ရေးခဲ့ပါ ။

0 comments:
Post a Comment
အဆင်မပြေတာရှိရင်ပြောခဲ့ပါ။ (ပြေလဲပြောလို့ ရပါတယ် :D )